ဇာတ်လမ်းပမာ နားဆင်စရာ ပဒုမ္မာဖိုရမ်

http://www.padonma.com

ဖိုရမ် Hosting

ဖိုရမ်အတွက် အရင်တုန်းက သုံးတဲ့ Hosting ကို Smartt ဆိုတဲ့ ကုမ္ပဏီက ဝယ်သွားကတည်းက အရင်လို ကိုယ်လိုရင် အစဥ်အမြဲရှိခဲ့ ဆိုတဲ့ Support တွေဟာ ပျောက်ခြင်းမလှ ပျောက်ကွယ်သွားပါရောလား။ အဲဒါနဲ့ပဲ ဆယ်နှစ်ကျော်ကြာခဲ့တဲ့ ဇာတ်လမ်းကလေးဟာ အဲဒီမှာပဲ ဆုံးသွားပါလေရော။

အဲဒါနဲ့ပဲ နောက်ဇာတ်လမ်း အသစ်ဖြစ်တဲ့ ဒီနေရာကို ရောက်လာတယ် ဆိုပါတော့။

ဇာတ်လမ်းအသစ်က ဒီမှာ လေ။

 

ဖိုရမ်က ဘယ်မှာလည်း?

ဖိုရမ်က ဒေတာတွေကို အမြဲတမ်း လိုလို Backup ဒေါင်းလုဒ် ပါတယ်။ ဖြစ်ချင်တော့ ဒေါင်းလုဒ်ထားတဲ့ ဖိုင်တွေကို ဘယ်ဆီဘယ်ဝယ်မှာ သိမ်းထားမိမှန်း မသိတော့လို့ လောလောဆယ်တော့ ဖိုရမ်ကို ပြန်ပြီး မတင်ရသေးပါဘူး။

ဖိုရမ်ရဲ့ ဒေတာဘေ့စ် က ၂၀၁၈ ဇွန်လလောက်အထိ ရှိပါတယ်။ ဖိုရမ်မှာသုံးထားတဲ့ Scripts ဖိုင်တွေကို Zip ထားတဲ့ ဖိုင်က ကိုယ်လိုချင်တဲ့ နေ့စွဲကို ပြန်ရှာမတွေ့သေးတာ။

ပြန်တင်ဖို့အတွက် ခက်ခဲတဲ့ နက်နဲတဲ့ အောက်ပါ ဇာတ်လမ်းတွေကို အရင်ဖြေရှင်းရဦးမယ်။

  • မက်ဂါဘိုက် ၈၀၀ ကျော်သော SQL Scripts
  • ဖိုရမ်မှာရေးထားတဲ့ ဇော်ဂျီစာလုံးတွေကို ယူနီကုဒ် ဖြစ်စေဖို့
  • SSL ဆိုတဲ့ https ကို မသုံးရင် ဝက်ဘ်ဆိုက်လို့ မသတ်မှတ်ချင်တော့တဲ့ အင်တာနက်
  • ဖိုရမ် နောက်ဆုံးဗားရှင်း ပြောင်းသင့်/မပြောင်းသင့် ဝေခွဲရခက်

 

ပဒုမ္မာ JMail ကရော?

ပဒုမ္မာမေးလ်က ဇူလိုင်လလောက်တုန်းက ၂ ပတ်လောက် အဝင်ရပ်ဆိုင်းသွားခဲ့တာကလွဲလို့ အခုထိ အရင်လိုပါပဲ။ အရင်လို လူတွေ Login မဝင်ကြတာကလွဲရင်ပေါ့။

မေးလ်သုံးမရလို့ TZ ကတော့ လှမ်းအကူအညီတောင်းရှာပါတယ်။ သို့ပေသော်လည်း သူက padonma.com မေးလ်နဲ့ ဆိုတော့ အဖြေက ခက်ခဲ နက်နဲသွားတာပေါ့။

 

ဖိုရမ် ဘယ်တော့ ပြန်တက်မှာလည်း?

  • တစ်နေ့တော့ ပြန်ဆုံမယ် ဂျလေဘီလမ်းကလေး ကိုယ်ပြန်ခဲ့မယ်ပေါ့လေ။
  • မြန်မြန်ပြန်တက်အောင်တော့ လုပ်မှာပါ။

 

စိတ်ထဲရှိရာ ပြောမလား?

  • MonsterTwitterOfRock Twitter
  • MonsterOfRock e-mail
  • MonsterMeSoHolyOfRock

 

Me So Holy